ဒီနေ့အတွက် ဘာသာပြန်ဟာသလေးကို ဖတ်ရှုလေ့လာနိုင်ပါတယ်။ ရယ်မောခြင်းဖြင့် ဘ၀အမောများ ပြေနိုင်ကြပါစေ။
Never Old To Learn ပညာလို အိုသည်မရှိ
Harry came to his mother one morning while she was having her breakfast, and said to her, "No one at my school likes me, Mother. The teachers don't, and the children don't. Even the cleaners and the bus drivers hate me."
တစ်ခုသော နံက်ခင်းလေးမှာ ဟယ်ရီက သူ့မိခင် ထမင်းစားနေစဉ် အိမ်ကို ရောက်လာခဲ့ပါတယ်။ ပြီးတော့ သူမကို "အမေ ကျွန်တော်ကို ကျွန်တော့်ကျောင်းက ဘယ်သူကမှ မကြိုက်ကြဘူးဗျာ။ ဆရာတွေကလဲ မကြိုက်။ ကလေးတွေကလဲ မနှစ်သက်။ သန့်ရှင်းရေးသမားတွေနဲ့ ကားမောင်းသူတွေကတောင် ကျွန်တော့်ကို မုန်းကြတယ်ဗျာ။"
"Well, Harry," his mother answered, "perhaps you aren't very nice to them. If a few people don't like a person, he or she may not be responsible for that; but if a lot of people don't, there's usually something wrong, and that person really needs to change."
သူ့မိခင်က "ဟယ်ရီ သားက သူတို့အပေါ်မှာ မကောင်းလို့ ဖြစ်မှာပေါ့ကွယ်။ လူတစ်ယောက်ကို လူအနည်းငယ်က မကြိုက်ဘူးဆိုရင်တော့ အဲ့ဒီလူမှာ ဒီအတွက် ဘာတာဝန်မှ မရှိပါဘူး။ ဒါပေမယ့် လူအများက မကြိုက်ဘူးဆိုရင်တော့ တစ်ခုခု မှားနေပြီ။ ပြီးတော့ အဲ့ဒီလူဟာ ပြောင်းလဲဖို့ တကယ်လိုအပ်နေပြီ သား" လို့ ပြောခဲ့ပါတယ်။
"I'm too old to change," Harry said. "I don't want to go to school."
ဟယ်ရီက "ကျွန်တော်က ပြောင်းလဲဖို့ဆို အသက်ကြီးနေပြီ။ ကျောင်းကိုလဲ မသွားချင်ဘူး။"
"Don't be silly, Harry," his mother said, going towards the garage to get the car out. "You have to go. You're quite well, and you still have a lot of things to learn. And besides that, you're the headmaster of the school."
သူ့မိခင်က ဂိုဒေါင်ကို ကားထုတ်သွားရင်း ပြောခဲ့တယ်။ "ဟယ်ရီ သား မမိုက်မဲစမ်းပါနဲ့ကွယ်။ သား သွားရမယ်။ သားက လူတော်ပါ။ ပြီးတော့ သင်ယူစရာတွေလဲ အများကြီး ရှိသေးတယ်။ ဒါ့အပြင် သားက ဒီကျောင်းရဲ့ ကျောင်းအုပ်ကြီးလေကွယ်။"
By L.A.Hill
Translated by Min Min Htaik

Glossary
1. Cleaner = (n) သန့်ရှင်းရေးသမား။
2. Perhaps / may be) = (adv) ဖြစ်ကောင်းဖြစ်နိုင်။/ဖြစ်လိုဖြစ်ငြား။
3. Responsible = (adj) တာဝန်ရှိသော။/တာဝန်မကင်းသော။
4. Wrong = (adj) မှားသော။
5. Silly = (adj) မိုက်မဲသော။/နုံအသော။
6. Garage = (n) ဂိုဒေါင်။/မော်တော်ကားရုံ။
7. Besides / moreover) = (adv) ထို့အပြင်။/ထိုမှတစ်ပါး။
8. Headmaster = (n) ကျောင်းအုပ်ဆရာကြီး။
For more information - English Language & General Knowledge