တ႐ုတ္ ခ်စ္သူမ်ားေန႔။



ႏြားေက်ာင္းသားႏွွင့္ ရက္ကန္းမယ္ပံုျပင္
(သို့မဟုတ္)
တ႐ုတ္ခ်စ္သူမ်ားေန႔ ျဖစ္ေပၚလာပံု


ရက္ကန္းမယ္သည္ေကာင္း ကင္ ဘံုမွနတ္သမီး
တစ္ပါးျဖစ္ေလ၏။ သူမဟာလူ့ျပည္ကႏြားေက်ာင္း
သားကိုေမတၱာသက္ဝင္ မိေသာေၾကာင့္လူ့ျပည္သို့
တိတ္တဆိတ္ဆင္း လာျပီးႏြြားေက်ာင္းသားႏွင့္
ေပါင္းသင္း ေနထိုင္ေလ၏။ ႏြားေက်ာင္းသားႏွင့္
ေပါင္းသင္း ေနထိုင္ ရာမွသားသမီးႏွစ္ဦးထြန္းကား
ခဲ့၏။ႏွစ္အ ေတာ္အတန္ၾကာေသာ္ ရက္ကန္းမယ္
၏အဖြားျဖစ္သူမယ္ေတာ္နတ္သမီးသည္ ရက္ကန္း
မယ္အ ေၾကာင္းကိုသိသြားေလ၏။ သို့ႏွင့္လူ့ျပည္
သို့ဆင္းလာကာရက္ကန္းမယ္အားေကာင္းကင္
ဘံုသို့ျပန္လည္ေခၚေဆာင္ သြားေလ၏။ ထိုအျခင္း
အရာကိုျမင္ လိုက္ေသာႏြားေက်ာင္းသားမွာ နတ္
ႏြား၏အကူအညီျဖင့္ရက္ကန္းမယ္တို့ေနာက္သို့
တပ္ၾကပ္မကြာလိုက္လာေလ၏။ မိမိ၏ဇနီးျဖစ္သူ
အားမယ္ေတာ္နတ္သမီးလက္ထဲမွကယ္ဆယ္ ရန္
ျဖစ္ေလ၏။မယ္ေတာ္နတ္သမီးမွာမိမိတို့ေနာက္
သို့ႏြားေက်ာင္း သားလိုက္လာမွန္းသိေလ၏။ ထို့
ေၾကာင့္ ခႏၶာကိုယ္ကိုလွည့္၍ႏြားေက်ာင္းသား
ေရွ့သို့မိမိလက္ျဖင့္ စည္းတစ္ခ်က္တားလိုက္ေလ
၏။ ထိုစည္းမွာျမစ္တစ္စင္း အျဖစ္သို့ေျပာင္းလဲ
သြားေလ၏။ ထို့ေၾကာင့္ႏြားေက်ာင္းသားမွာဆက္
မလိုက္ႏိုင္ ေတာ့ဘဲျမစ္တစ္ဖက္ကမ္းတြင္ က်န္
ေနရစ္ ေလေတာ့သည္။
သို့ႏွင့္ ႏြားေက်ာင္းသားႏွင့္ရက္ကန္းမယ္သည္
ကြဲကြာသြားေလ၏။ သို့ေသာ္လည္းေနာက္ပိုင္း
တြင္ မယ္ေတာ္နတ္သမီးသည္ ႏြားေက်ာင္းသား
ႏွင့္ရက္ကန္းမယ္အားႏွစ္စဥ္ႏွစ္တိုင္း တရုတ္
သကၠရာဇ္ ၇ လပိုင္း ၇ ရက္ေန့တြင္ တစ္ခါေတြ့
ဆံုခြင့္ကိုေပးလိုက္ေလ၏။ ထိုေန့သို့ေရာက္လာ
လွ်င္ ရွိသမွ်ငွက္က်ားအားလံုးဟာႏြားေက်ာင္း
သားႏွင့္ရက္ကန္းမယ္တို့အားျခားနားထားေသာ
ျမစ္ ရွိရာသို့လာေရာက္ၾက၍တံတားအျဖစ္ဖန္တီး
ေပးေလ၏။ သို့မွသာႏြားေက်ာင္းသားႏွင့္ရက္ကန္း
မယ္တို့ဟာ ေကာင္းေကာင္းေတြ့ဆံုႏိုင္ ေပမည္
ျဖစ္ေလ၏။ အခ်ိန္ကာလ ေရြ့လ်ားလာေလ ေသာ္
ထိုေန့သို့ေရာက္ လာလွ်င္ လူ့ျပည္မွလူငယ္လူရြယ္
ေယာက်္ားေလး မိန္းက ေလး မ်ားကလည္းမိမိ
တို့ခ်စ္ ရသူအားမိမိတို့၏ ရင္ထဲမွခ်စ္ေမတၱာသ
ေဘာထားမ်ားကိုေပၚလြင္ ေအာင္ ထုတ္ေဖာ္ျပ
သၾကေလ၏။ သို့ႏွင့္ ထိုပံုျပင္ ကိုအေျခခံ၍ထို
ေန့သည္ တရုတ္လူမ်ိဳးမ်ားအဖို့ခ်စ္သူမ်ားေန့
ျဖစ္လာ ေလေတာ့သည္။

Unicode Version

တရုတ် ချစ်သူများနေ့။


နွားကျောင်းသားနှှင့် ရက်ကန်းမယ်ပုံပြင်
(သို့မဟုတ်)
တရုတ်ချစ်သူများနေ့ ဖြစ်ပေါ်လာပုံ


ရက်ကန်းမယ်သည်ကောင်း ကင် ဘုံမှနတ်သမီး
တစ်ပါးဖြစ်လေ၏။ သူမဟာလူ့ပြည်ကနွားကျောင်း
သားကိုမေတ္တာသက်ဝင် မိသောကြောင့်လူ့ပြည်သို့
တိတ်တဆိတ်ဆင်း လာပြီးနွားကျောင်းသားနှင့်
ပေါင်းသင်း နေထိုင်လေ၏။ နွားကျောင်းသားနှင့်
ပေါင်းသင်း နေထိုင် ရာမှသားသမီးနှစ်ဦးထွန်းကား
ခဲ့၏။နှစ်အ တော်အတန်ကြာသော် ရက်ကန်းမယ်
၏အဖွားဖြစ်သူမယ်တော်နတ်သမီးသည် ရက်ကန်း
မယ်အ ကြောင်းကိုသိသွားလေ၏။ သို့နှင့်လူ့ပြည်
သို့ဆင်းလာကာရက်ကန်းမယ်အားကောင်းကင်
ဘုံသို့ပြန်လည်ခေါ်ဆောင် သွားလေ၏။ ထိုအခြင်း
အရာကိုမြင် လိုက်သောနွားကျောင်းသားမှာ နတ်
နွား၏အကူအညီဖြင့်ရက်ကန်းမယ်တို့နောက်သို့
တပ်ကြပ်မကွာလိုက်လာလေ၏။ မိမိ၏ဇနီးဖြစ်သူ
အားမယ်တော်နတ်သမီးလက်ထဲမှကယ်ဆယ် ရန်
ဖြစ်လေ၏။မယ်တော်နတ်သမီးမှာမိမိတို့နောက်
သို့နွားကျောင်း သားလိုက်လာမှန်းသိလေ၏။ ထို့
ကြောင့် ခန္ဓာကိုယ်ကိုလှည့်၍နွားကျောင်းသား
ရှေ့သို့မိမိလက်ဖြင့် စည်းတစ်ချက်တားလိုက်လေ
၏။ ထိုစည်းမှာမြစ်တစ်စင်း အဖြစ်သို့ပြောင်းလဲ
သွားလေ၏။ ထို့ကြောင့်နွားကျောင်းသားမှာဆက်
မလိုက်နိုင် တော့ဘဲမြစ်တစ်ဖက်ကမ်းတွင် ကျန်
နေရစ် လေတော့သည်။
သို့နှင့် နွားကျောင်းသားနှင့်ရက်ကန်းမယ်သည်
ကွဲကွာသွားလေ၏။ သို့သော်လည်းနောက်ပိုင်း
တွင် မယ်တော်နတ်သမီးသည် နွားကျောင်းသား
နှင့်ရက်ကန်းမယ်အားနှစ်စဉ်နှစ်တိုင်း တရုတ်
သက္ကရာဇ် ၇ လပိုင်း ၇ ရက်နေ့တွင် တစ်ခါတွေ့
ဆုံခွင့်ကိုပေးလိုက်လေ၏။ ထိုနေ့သို့ရောက်လာ
လျှင် ရှိသမျှငှက်ကျားအားလုံးဟာနွားကျောင်း
သားနှင့်ရက်ကန်းမယ်တို့အားခြားနားထားသော
မြစ် ရှိရာသို့လာရောက်ကြ၍တံတားအဖြစ်ဖန်တီး
ပေးလေ၏။ သို့မှသာနွားကျောင်းသားနှင့်ရက်ကန်း
မယ်တို့ဟာ ကောင်းကောင်းတွေ့ဆုံနိုင် ပေမည်
ဖြစ်လေ၏။ အချိန်ကာလ ရွေ့လျားလာလေ သော်
ထိုနေ့သို့ရောက် လာလျှင် လူ့ပြည်မှလူငယ်လူရွယ်
ယောကျ်ားလေး မိန်းက လေး များကလည်းမိမိ
တို့ချစ် ရသူအားမိမိတို့၏ ရင်ထဲမှချစ်မေတ္တာသ
ဘောထားများကိုပေါ်လွင် အောင် ထုတ်ဖော်ပြ
သကြလေ၏။ သို့နှင့် ထိုပုံပြင် ကိုအခြေခံ၍ထို
နေ့သည် တရုတ်လူမျိုးများအဖို့ချစ်သူများနေ့
ဖြစ်လာ လေတော့သည်။
    Comment
    FB Comment

0 comments :

Post a Comment

 
Copyright © 2013. Language Century - All Rights Reserved
Template Created by Language Century