တရုတ္ရိုးရာ လမုန္႔ပြဲေတာ္ 中秋节



တရုတ္ရိုးရာ လမုန္႔ပြဲေတာ္ဟာ တရုတ္ရုိးရာ ပြဲေတာ္ႀကီး ၄ ခု (ေႏြဦးပဲြေတာ္ ႏွစ္သစ္ကူး၊ တရုတ္ရိုးရာ သခ်ဴ ႋင္း ကန္ေတာ့ပဲြ၊ ေလွေလွာ္ၿပိဳင္ပဲြ၊ လမုန္႔ပဲြေတာ္) ထဲတြင္ တစ္ခုအပါအ၀င္ ျဖစ္ပါတယ္။ တရုတ္ရိုးရာ လမုန္႔ပြဲေတာ္ကို တရုတ္လ 8 လ 15 ရက္ေန႔မွာ ျပဳလုပ္ေလ့ ရွိပါတယ္။

တရုတ္ျပကၡဒိန္အရ ၇ ၊ ၈ ၊ ၉ လ ဒီ 3 လ အခ်ိန္အခါက ေဆာင္ဦးရာသီထဲမွာ ပါ၀င္ပါတယ္။ 8 လပိုင္းက ေဆာင္းဦးရာသီရဲ႕ အလယ္မွာရွိတဲ့ လတစ္လ ျဖစ္ၿပီး ၈ လ ပိုင္း ၁၅ ရက္ ကလည္း ၈ လပိုင္းရဲ႕ အလယ္မွာရွိတဲ႔ ေန႔တစ္ေန႔ ျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ ဒီပြဲေတာ္ကို “ေဆာင္းဦးရာသီ-လလယ္ပဲြေတာ္” လို႔လည္း ေခၚဆိုပါတယ္။ အဲဒီရက္ မွာ တရုတ္လူမ်ဴ ိးေတြဟာ လကိုရႈစားၿပီး လမုန္႔စားတဲ့ အေလ့အက်င့္ေတြ ရွိပါတယ္၊ ပြဲေတာ္ရက္မွာ လက ၀ိုင္းစက္ၿပီး ေနပါတယ္၊ ျပည့္စံုျခင္း စံုညီျခင္း နမိတ္ကို ယူၿပီး "စံုညီပြဲေတာ္" လို႔လည္း ေခၚဆိုပါေသးတယ္။

ေရွးယခင္ထဲက လ ႏွင့္ ပတ္သတ္၍ ဒ႑ာရီပံုျပင္ ေျမာက္ျမားစြာရွိပါတယ္။ ဒီအထဲမွာ ”ခ်န္ေအာ္ လ ထံသို႔ ပ်ံသန္းျခင္း“ က နာမည္ အေက်ာ္ၾကားဆံုးပါပဲ။ ခ်န္ေအာ္ဟာ တရုတ္ ေရွးေဟာင္း ဒ႑ာရီ ပံုျပင္ထဲမွ ေနကို ခြင္းတဲ့ သူရဲေကာင္း ဟုတ္ရီရဲ႕ ဇနီး ျဖစ္ပါတယ္။

ေရွးအခါက ေကာင္းကင္ေပၚမွာ ေနဆယ္စင္းက တၿပိဳင္နက္ ထြက္ေပၚလာခဲ႔ပါတယ္။ ပူျပင္းလွတာေၾကာင့္ ေကာက္ပဲသီးႏွံေတြဟာ ေျခာက္ေသြ႔ၿပီး ေသကုန္ပါတယ္။ လူသားေတြဟာ ေနထိုင္ရတာ ပူျပင္းလြန္း ခက္ခဲလြန္းလွပါတယ္။ သူရဲေကာင္း ဟုတ္ရီက အတိဒုကၡေရာက္ေနေသာ ျပည္သူေတြကို မၾကည့္ရက္တာေၾကာင့္ ခြန္းလြန္ေတာင္ေပၚသို႔ တတ္ၿပီး ေနတစ္စင္းကိုသာ ခ်န္ထားၿပီး က်န္ ေန ၉ စင္းကို ျပစ္ခ်ခဲ့ၿပီးေနာက္ က်န္တဲ့ ေနတစင္းကိုလည္း အခ်ိန္မွန္ ေန၀င္ ေနထြက္ ျပဳလုပ္ဖို႔ တာ၀န္ေပးခဲ့ပါသည္။

အေနာက္မယ္ေတာ္ဟာ သူရဲေကာင္း ဟုတ္ရီကို မအိုမေသေဆး ခ်ီးျမွင့္ ခဲ႔ပါသည္။ ဤေဆးကို ေသာက္ၿပီးရင္ ေကာင္းကင္ေပၚကို ခ်က္ခ်င္း ပ်ံတတ္သြားၿပီး နတ္ျဖစ္သြားမယ္လို႔ ဆိုပါတယ္။ သူရဲေကာင္း ဟုတ္ရီသည္ ဇနီးသည္ကို မခ်န္ထားခဲ႔ရက္တာမို႔ သိမ္းထားဖို႔ အပ္ထားခဲ႔ပါတယ္။ ခ်န္ေအာ္ဟာ ဗူးထဲမွာထည့္ၿပီး မွန္တင္ခံုထဲမွာ သိမ္းထားလိုက္ပါတယ္၊ ဒါကို ဖန္းမန္္လို႔ေခၚေသာ လူကေတြ႔သြားၿပီး ခိုးစားဖို႔ ေခ်ာင္းေနပါတယ္။

ေနာက္ ၃ရက္ေလာက္ ေနေသာအခါ ဟုတ္ရီက အမဲလိုက္ သြားခဲ႔ပါတယ္။ ဖန္းမန္က ေနမေကာင္းခ်င္ဟန္ေဆာင္ၿပီး လုိက္မသြားခဲ႔ပါဘူး။ ဟုတ္ရီတို႔ ထြက္သြားၿပီးသြားေနာက္မွာ ဖန္းမန္က ဟုတ္ရီ အိမ္ကို ဓားနဲ႔ ၀င္သြားၿပီး ခ်န္ေအာ္ကို ေဆးထုတ္ ေပးဖို႔ေတာင္းပါတယ္။ ခ်န္ေအာ္ဟာ ဖန္းမန္ကို ဘယ္လိုမွ မယွဥ္ႏိုင္တဲ့အတြက္ ဗူးကို ဖြင့္ၿပီး တခါထည္း ၿမိဳခ်ခဲ႔ပါတယ္။ ခ်န္ေအာ္ ေဆးကို ၿမိဳခ်လိုက္တာနဲ႔ ခ်က္ခ်င္းပဲ ေျမျပင္မွ တျဖည္းျဖည္း ေ၀းကြာၿပီး ေကာင္းကင္ ေပၚကို တတ္သြားၿပီး လဗိမာန္ ဆီကို ေရာက္ရွိ သြားပါတယ္။

ခ်န္ေအာ္ လေပၚကို ေရာက္ရွိသြားၿပီးေနာက္မွာ အိမ္ေနာက္ဖက္က ပန္းၿခံထဲမွာ ခ်န္ေအာ္ ႀကိဳက္ႏွစ္သက္တဲ႔ မႈန္႔ခ်ဴ ိမ်ား၊ သစ္သီးမ်ားနဲ႔ ခင္းက်င္းၿပီး ဇနီးသည္ကို သတိရ ေအာင္းေမ့ျခင္းကို ျပဳလုပ္ခဲ႔ပါတယ္။ ျပည္သူမ်ားကလည္း လေရာင္ေအာက္မွာ ခင္းက်င္းၿပီး စိတ္ရင္းေကာင္းလွတဲ႔ ခ်န္ေအာ္ က်န္းမာခ်မ္းသာပါေစေၾကာင္း ဆုေတာင္း ေမတၱာ ပို႔သၾကပါသည္။ တျဖည္းျဖည္းျခင္းျဖင့္ ဓေလ့ထံုးစံ တစ္ခုျဖစ္လာခဲ႔ပါသည္။

လမုန္႔ပြဲေတာ္က်င္းပတာကို ထန္ေခတ္မွတ္တမ္းမွာ ေတြ႕ခဲ့ရပါတယ္။ ထန္မင္းဆက္ ဘုရင္ထိုက္က်ဴ ံး (လီရွီမင္း) လက္ထက္မွာ ခ်ဴ ံးႏု (မြန္ဂို) ေတြက္ုိ ေအာင္ျမင္ၿပီး ၈ လပိုင္း ၁၅ ရက္ေန႔ လျပည့္ေန႔မွာ သူဟာ ေအာင္ပြဲခံေနခ်ိန္ ကုန္သည္တစ္ေယာက္ဟာ လမုန္႔ကို ဆက္သခဲ့ပါတယ္။ ဘုရင္ႀကီးလည္း စားသံုးၿပီးသည့္အခါ ႏွစ္သက္သျဖင့္ သူ႔ရဲ႕ ဝန္ႀကီးမ်ားကို ခြဲေဝေကြ်းေပးၿပီး လျပည့္ေန႔မွာ လမုန္႔စားျခင္း ဓေလ့ဟာ ႏိုင္ငံတဝွမ္း ျပန္႔ႏွံ႔သြားခဲ့ပါတယ္။ လမုန္႔ပြဲေတာ္ကို ပြဲေတာ္အျဖစ္ က်င္းပတာကိုေတာ့ သစုန္႔ေခတ္မွာ စတင္ေတြ႕ခဲ့ရပါတယ္။ လမုန္႔ပြဲေတာ္မွာ ထင္ရွားတဲ့ သမိုင္းျဖစ္ရပ္တစ္ခု ရွိပါေသးတယ္။ အဲ့ဒါကေတာ့ မြန္ဂိုမင္းဆက္အုပ္စုိးခ်ိန္ ယြမ္ေခတ္၌ ျဖစ္ပ်က္ခဲ့တာပါ။

ယြမ္ေခတ္ေႏွာင္းပိုင္းေလာက္က မြန္ဂိုလူမ်ဴ ိးေတြ တရုတ္ျပည္မကို အုပ္စိုးခ်ိန္ျဖစ္ပါတယ္။ ထုိအခ်ိန္အခါက ပုန္ကန္မွာ စိုးတဲ့အတြက္ မြန္ဂိုေတြဟာ လူစုလူေ၀းျပဳလုပ္ျခင္းကို တာျမစ္ထားေသာေၾကာင့္ တရုတ္လူမ်ဴ ိးေတြဟာ မြန္ဂိုမင္းဆက္ေတြကို ပုန္ကန္ဖို႔ အခြင့္မသာခဲ့ၾကဘူး။ ဒါအျပင္ ပုန္ကန္မယ့္သူေတြကလည္း နယ္အရပ္ရပ္မွာ တကဲြတျပားစီ ျဖစ္ေနတဲ့အတြက္ သူတို႔ကို အခ်ိန္မွီစုစည္းႏိုင္ဖို႔ဆိုတာ မလြယ္ကူပါဘူး။ အဲဒါနဲ႔ သူတို႔က ပုန္ကန္ရမယ့္အခ်ိန္ကို စဥ္းစားၾကရင္း မြန္ဂိုေတြ လမုန္႔မစားတာကို သတိသြားရမိပါတယ္။ ဒီအႀကံကို က်ဴ ယြင္က်န္းနဲ႔ သူ႔ရဲ႕ အတိုင္ပင္ခံ လ်ဴ ေပါဝမ္တို႔က ရခဲ့ပါတယ္။

ထိုလမုန္႔ပြဲေတာ္ကို အေၾကာင္းျပဳၿပီး Zhu Yuan Zhang 朱元璋 က်ဴ ယြင္က်န္း (မင္မင္းဆက္္ကို တည္ေထာင္သူ) (ဘုရင္အမည္-
洪武帝 ဟုန္ဝူသိ Hong Wu Di) ဟာ မြန္ဂိုဘုရင္ကို ဆုေတာင္းေပးဖို႔အတြက္ လျပည့္ေန႔မွာ တရုတ္လူမ်ဴ ိးေတြကို လမုန္႔မ်ားေ၀ပါရေစလို႔ မြန္ဂိုေတြကို ခြင့္ေတာင္းၿပီး လမုန္႔ေတြကို တရုတ္လူမ်ဴ ိးေတြရဲ႕ အိမ္တိုင္းေစ့ ေပးခဲ့ပါတယ္။ အမွန္မွာေတာ့့ လမုန္႔ထဲမွာမြန္ဂိုေတြကို ၈လပိုင္း ၁၅ရက္ေန႔မွာ ပုန္ကန္မယ္ဆိုတဲ့ စာတိုေလးကို ထည့္ေပးခဲ့ပါတယ္။ အဲဒီ ၈ လပိုင္း ၁၅ ရက္ လျပည့္ညမွာေတာ့ ၁၀ အိမ္ေထာင္စုကို ဓားကိုင္တစ္ေယာက္က ေစာင့္ေရွာက္ေပးၿပီး ျပည္သူေတြဟာ ၿမိဳ႕တြင္းရွိ မြန္ဂိုအေစာင့္ေတြကို တိတ္တဆိတ္ လုပ္ႀကံကာ မြန္ဂိုေတြကို ေအာင္ျမင္စြာ ေတာ္လွန္ တိုက္ထုတ္ႏိုင္ခဲ့ပါတယ္။ ထို႔ပြဲေတာ္ကို အစျပဳကာ ယြမ္ေခတ္ ကုန္ဆံုးခဲ့ၿပီး မြန္ဂိုမ်ား ျပည္မမွ ထြက္ခြာခဲ့ရကာ ဟန္လူမ်ဴ ိးေတြ အုပ္စိုးေသာ မင္ေခတ္ကို စတင္ႏိုင္ခဲ့ပါတယ္။ ထုိအေၾကာင္းကို အစြဲျပဳၿပီး တရုတ္လူမ်ဴ ိးမ်ားသည္ တရုတ္ျပကၡဒိန္ ၈ လပိုင္း ၁၅ ရက္ေန႔မွာ လမုန္႔ပြဲေတာ္ကို က်င္းပၿပီး လမုန္႔ကို အမွတ္တရအေနနဲ႔ စားသံုးၾကျခင္း ျဖစ္ပါတယ္။

Ref : Wiki/ Cho Phyu Phyu Myint / Mooncake History

#SwanHtet(မွတ္စုၾကမ္း)

Unicode Version

တရုတ်ရိုးရာ လမုန့်ပွဲတော် 中秋节

တရုတ်ရိုးရာ လမုန့်ပွဲတော်ဟာ တရုတ်ရိုးရာ ပွဲတော်ကြီး ၄ ခု (နွေဦးပွဲတော် နှစ်သစ်ကူး၊ တရုတ်ရိုးရာ သချူ ႋင်း ကန်တော့ပွဲ၊ လှေလှော်ပြိုင်ပွဲ၊ လမုန့်ပွဲတော်) ထဲတွင် တစ်ခုအပါအဝင် ဖြစ်ပါတယ်။ တရုတ်ရိုးရာ လမုန့်ပွဲတော်ကို တရုတ်လ 8 လ 15 ရက်နေ့မှာ ပြုလုပ်လေ့ ရှိပါတယ်။

တရုတ်ပြက္ခဒိန်အရ ၇ ၊ ၈ ၊ ၉ လ ဒီ 3 လ အချိန်အခါက ဆောင်ဦးရာသီထဲမှာ ပါဝင်ပါတယ်။ 8 လပိုင်းက ဆောင်းဦးရာသီရဲ့ အလယ်မှာရှိတဲ့ လတစ်လ ဖြစ်ပြီး ၈ လ ပိုင်း ၁၅ ရက် ကလည်း ၈ လပိုင်းရဲ့ အလယ်မှာရှိတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီပွဲတော်ကို “ဆောင်းဦးရာသီ-လလယ်ပွဲတော်” လို့လည်း ခေါ်ဆိုပါတယ်။ အဲဒီရက် မှာ တရုတ်လူမျူ ိးတွေဟာ လကိုရှုစားပြီး လမုန့်စားတဲ့ အလေ့အကျင့်တွေ ရှိပါတယ်၊ ပွဲတော်ရက်မှာ လက ဝိုင်းစက်ပြီး နေပါတယ်၊ ပြည့်စုံခြင်း စုံညီခြင်း နမိတ်ကို ယူပြီး "စုံညီပွဲတော်" လို့လည်း ခေါ်ဆိုပါသေးတယ်။

ရှေးယခင်ထဲက လ နှင့် ပတ်သတ်၍ ဒဏ္ဍာရီပုံပြင် မြောက်မြားစွာရှိပါတယ်။ ဒီအထဲမှာ ”ချန်အော် လ ထံသို့ ပျံသန်းခြင်း“ က နာမည် အကျော်ကြားဆုံးပါပဲ။ ချန်အော်ဟာ တရုတ် ရှေးဟောင်း ဒဏ္ဍာရီ ပုံပြင်ထဲမှ နေကို ခွင်းတဲ့ သူရဲကောင်း ဟုတ်ရီရဲ့ ဇနီး ဖြစ်ပါတယ်။

ရှေးအခါက ကောင်းကင်ပေါ်မှာ နေဆယ်စင်းက တပြိုင်နက် ထွက်ပေါ်လာခဲ့ပါတယ်။ ပူပြင်းလှတာကြောင့် ကောက်ပဲသီးနှံတွေဟာ ခြောက်သွေ့ပြီး သေကုန်ပါတယ်။ လူသားတွေဟာ နေထိုင်ရတာ ပူပြင်းလွန်း ခက်ခဲလွန်းလှပါတယ်။ သူရဲကောင်း ဟုတ်ရီက အတိဒုက္ခရောက်နေသော ပြည်သူတွေကို မကြည့်ရက်တာကြောင့် ခွန်းလွန်တောင်ပေါ်သို့ တတ်ပြီး နေတစ်စင်းကိုသာ ချန်ထားပြီး ကျန် နေ ၉ စင်းကို ပြစ်ချခဲ့ပြီးနောက် ကျန်တဲ့ နေတစင်းကိုလည်း အချိန်မှန် နေဝင် နေထွက် ပြုလုပ်ဖို့ တာဝန်ပေးခဲ့ပါသည်။

အနောက်မယ်တော်ဟာ သူရဲကောင်း ဟုတ်ရီကို မအိုမသေဆေး ချီးမြှင့် ခဲ့ပါသည်။ ဤဆေးကို သောက်ပြီးရင် ကောင်းကင်ပေါ်ကို ချက်ချင်း ပျံတတ်သွားပြီး နတ်ဖြစ်သွားမယ်လို့ ဆိုပါတယ်။ သူရဲကောင်း ဟုတ်ရီသည် ဇနီးသည်ကို မချန်ထားခဲ့ရက်တာမို့ သိမ်းထားဖို့ အပ်ထားခဲ့ပါတယ်။ ချန်အော်ဟာ ဗူးထဲမှာထည့်ပြီး မှန်တင်ခုံထဲမှာ သိမ်းထားလိုက်ပါတယ်၊ ဒါကို ဖန်းမန်လို့ခေါ်သော လူကတွေ့သွားပြီး ခိုးစားဖို့ ချောင်းနေပါတယ်။

နောက် ၃ရက်လောက် နေသောအခါ ဟုတ်ရီက အမဲလိုက် သွားခဲ့ပါတယ်။ ဖန်းမန်က နေမကောင်းချင်ဟန်ဆောင်ပြီး လိုက်မသွားခဲ့ပါဘူး။ ဟုတ်ရီတို့ ထွက်သွားပြီးသွားနောက်မှာ ဖန်းမန်က ဟုတ်ရီ အိမ်ကို ဓားနဲ့ ဝင်သွားပြီး ချန်အော်ကို ဆေးထုတ် ပေးဖို့တောင်းပါတယ်။ ချန်အော်ဟာ ဖန်းမန်ကို ဘယ်လိုမှ မယှဉ်နိုင်တဲ့အတွက် ဗူးကို ဖွင့်ပြီး တခါထည်း မြိုချခဲ့ပါတယ်။ ချန်အော် ဆေးကို မြိုချလိုက်တာနဲ့ ချက်ချင်းပဲ မြေပြင်မှ တဖြည်းဖြည်း ဝေးကွာပြီး ကောင်းကင် ပေါ်ကို တတ်သွားပြီး လဗိမာန် ဆီကို ရောက်ရှိ သွားပါတယ်။

ချန်အော် လပေါ်ကို ရောက်ရှိသွားပြီးနောက်မှာ အိမ်နောက်ဖက်က ပန်းခြံထဲမှာ ချန်အော် ကြိုက်နှစ်သက်တဲ့ မှုန့်ချူ ိများ၊ သစ်သီးများနဲ့ ခင်းကျင်းပြီး ဇနီးသည်ကို သတိရ အောင်းမေ့ခြင်းကို ပြုလုပ်ခဲ့ပါတယ်။ ပြည်သူများကလည်း လရောင်အောက်မှာ ခင်းကျင်းပြီး စိတ်ရင်းကောင်းလှတဲ့ ချန်အော် ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်း မေတ္တာ ပို့သကြပါသည်။ တဖြည်းဖြည်းခြင်းဖြင့် ဓလေ့ထုံးစံ တစ်ခုဖြစ်လာခဲ့ပါသည်။

လမုန့်ပွဲတော်ကျင်းပတာကို ထန်ခေတ်မှတ်တမ်းမှာ တွေ့ခဲ့ရပါတယ်။ ထန်မင်းဆက် ဘုရင်ထိုက်ကျူ ံး (လီရှီမင်း) လက်ထက်မှာ ချူ ံးနု (မွန်ဂို) တွေကို အောင်မြင်ပြီး ၈ လပိုင်း ၁၅ ရက်နေ့ လပြည့်နေ့မှာ သူဟာ အောင်ပွဲခံနေချိန် ကုန်သည်တစ်ယောက်ဟာ လမုန့်ကို ဆက်သခဲ့ပါတယ်။ ဘုရင်ကြီးလည်း စားသုံးပြီးသည့်အခါ နှစ်သက်သဖြင့် သူ့ရဲ့ ဝန်ကြီးများကို ခွဲဝေကျွေးပေးပြီး လပြည့်နေ့မှာ လမုန့်စားခြင်း ဓလေ့ဟာ နိုင်ငံတဝှမ်း ပြန့်နှံ့သွားခဲ့ပါတယ်။ လမုန့်ပွဲတော်ကို ပွဲတော်အဖြစ် ကျင်းပတာကိုတော့ သစုန့်ခေတ်မှာ စတင်တွေ့ခဲ့ရပါတယ်။ လမုန့်ပွဲတော်မှာ ထင်ရှားတဲ့ သမိုင်းဖြစ်ရပ်တစ်ခု ရှိပါသေးတယ်။ အဲ့ဒါကတော့ မွန်ဂိုမင်းဆက်အုပ်စိုးချိန် ယွမ်ခေတ်၌ ဖြစ်ပျက်ခဲ့တာပါ။

ယွမ်ခေတ်နှောင်းပိုင်းလောက်က မွန်ဂိုလူမျူ ိးတွေ တရုတ်ပြည်မကို အုပ်စိုးချိန်ဖြစ်ပါတယ်။ ထိုအချိန်အခါက ပုန်ကန်မှာ စိုးတဲ့အတွက် မွန်ဂိုတွေဟာ လူစုလူဝေးပြုလုပ်ခြင်းကို တာမြစ်ထားသောကြောင့် တရုတ်လူမျူ ိးတွေဟာ မွန်ဂိုမင်းဆက်တွေကို ပုန်ကန်ဖို့ အခွင့်မသာခဲ့ကြဘူး။ ဒါအပြင် ပုန်ကန်မယ့်သူတွေကလည်း နယ်အရပ်ရပ်မှာ တကွဲတပြားစီ ဖြစ်နေတဲ့အတွက် သူတို့ကို အချိန်မှီစုစည်းနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ အဲဒါနဲ့ သူတို့က ပုန်ကန်ရမယ့်အချိန်ကို စဉ်းစားကြရင်း မွန်ဂိုတွေ လမုန့်မစားတာကို သတိသွားရမိပါတယ်။ ဒီအကြံကို ကျူ ယွင်ကျန်းနဲ့ သူ့ရဲ့ အတိုင်ပင်ခံ လျူ ပေါဝမ်တို့က ရခဲ့ပါတယ်။

ထိုလမုန့်ပွဲတော်ကို အကြောင်းပြုပြီး Zhu Yuan Zhang 朱元璋 ကျူ ယွင်ကျန်း (မင်မင်းဆက်ကို တည်ထောင်သူ) (ဘုရင်အမည်-
洪武帝 ဟုန်ဝူသိ Hong Wu Di) ဟာ မွန်ဂိုဘုရင်ကို ဆုတောင်းပေးဖို့အတွက် လပြည့်နေ့မှာ တရုတ်လူမျူ ိးတွေကို လမုန့်များဝေပါရစေလို့ မွန်ဂိုတွေကို ခွင့်တောင်းပြီး လမုန့်တွေကို တရုတ်လူမျူ ိးတွေရဲ့ အိမ်တိုင်းစေ့ ပေးခဲ့ပါတယ်။ အမှန်မှာတော့ လမုန့်ထဲမှာမွန်ဂိုတွေကို ၈လပိုင်း ၁၅ရက်နေ့မှာ ပုန်ကန်မယ်ဆိုတဲ့ စာတိုလေးကို ထည့်ပေးခဲ့ပါတယ်။ အဲဒီ ၈ လပိုင်း ၁၅ ရက် လပြည့်ညမှာတော့ ၁၀ အိမ်ထောင်စုကို ဓားကိုင်တစ်ယောက်က စောင့်ရှောက်ပေးပြီး ပြည်သူတွေဟာ မြို့တွင်းရှိ မွန်ဂိုအစောင့်တွေကို တိတ်တဆိတ် လုပ်ကြံကာ မွန်ဂိုတွေကို အောင်မြင်စွာ တော်လှန် တိုက်ထုတ်နိုင်ခဲ့ပါတယ်။ ထို့ပွဲတော်ကို အစပြုကာ ယွမ်ခေတ် ကုန်ဆုံးခဲ့ပြီး မွန်ဂိုများ ပြည်မမှ ထွက်ခွာခဲ့ရကာ ဟန်လူမျူ ိးတွေ အုပ်စိုးသော မင်ခေတ်ကို စတင်နိုင်ခဲ့ပါတယ်။ ထိုအကြောင်းကို အစွဲပြုပြီး တရုတ်လူမျူ ိးများသည် တရုတ်ပြက္ခဒိန် ၈ လပိုင်း ၁၅ ရက်နေ့မှာ လမုန့်ပွဲတော်ကို ကျင်းပပြီး လမုန့်ကို အမှတ်တရအနေနဲ့ စားသုံးကြခြင်း ဖြစ်ပါတယ်။

Ref : Wiki/ Cho Phyu Phyu Myint / Mooncake History

#SwanHtet(မှတ်စုကြမ်း)
    Comment
    FB Comment

0 comments :

Post a Comment

 
Copyright © 2013. Language Century - All Rights Reserved
Template Created by Language Century